ဤကဲ့သို့ အရေးပါသည့် အားလျှော်စွာ မိမိတို့ ဘာသာ စာပေ စကား ဝေါဟာရ အသုံးအနှုန်းနှင့် ၀ါကျများကို မှန်ကန်တည့်မတ်စွာ အသုံးပြုနိုင်ဖို့လိုအပ်ပေသည်။
ထို့အတွက်ကြောင့် ပအိုဝ်းဘာသာ စကား အသုံးအနှုန်းများကို မှန်ကန် တည့်မှတ်စွာ အသုံးပြုနိုင်ရေးအတွက် မိမိတို့အနေဖြင့် သိတတ္သမ် မွတ္သားသမ် ကျိုးစားတင်ပြသွားပြီး နယ်မြေဒေသ အရပ်ရပ်တွင် နေထိုင်သည့် ပအိုဝ်းအမျိုးသားများအားလုံး၏ ဝေဖန် အကြံပေးမှုများကိုလည်း အစဉ်လက်ကမ်းကြိုဆိုသွားမည်ဖြစ်သည်။
ယခုလက်ရှိအခြေအနေတွင် ပအိုဝ်းစာပေ ဝေါဟာရကို မှန်ကန်စွာ ရေးသားနိုင်ရန် ပအိုဝ်း Font မပေါ်ပေါက်လာသေးသည့်အတွက် ပအိုဝ်းစားလုံး "မဲုင်ငါ" ကို "," နှင့် "မဲုင်ပက်,ငါ" ကို ";" စသည့် သင်္ကေတကို ယာယီအဖြင့် ခေတ္တခဏ ငှါးယူအသုံးပြုသွားပါမည်။
ပအိုဝ်းစာ ပအိုဝ်းစကား ပအိုဝ်းဝေါဟာရအသုံးအနှုန်းများ အစီအစဉ်သည် ပအိုဝ်းလူမျိုးများ အထူးသဖြင့် ပအိုဝ်းမျိုးဆက်သစ်လူငယ်များ ပအိုဝ်းဘာသာ ပအိုဝ်းစာပေကို ချစ်မြတ်နိုးပြီး ကျယ်ပြန့်စွာ ပြောဆို ရေးသား သုံးနှုန်းလာကြစေရန်နှင့် ပအိုဝ်းစာပေ ဝေါဟာရများကို စူးစမ်း လေ့လာမှု ပိုမို ရှိလာစေရန် ရည်ရွယ်ပါသည်။
ပအိုဝ်းဘာသာ စာပေ ဝေါဟာရ အသုံးအနှုန်းနှင့် ပအိုဝ်းယဉ်ကျေးမှု ဓလေ့ထုံးများ တိုးတက် မြင့်တင် ထွန်းကား အဓွန့်ရှည်တည်တံ့စေရန်အလို့ငှါ ပအိုဝ်းဝေါဟာရ ၀ါကျအသုံးအနှုန်းများ ရေးသားတင်ပြရခြင်းဖြစ်သည်။ ရေးသားတင်ပြချက်အားလုံးအပေါ် ပြီးပြည့်စုံသည်ဟု မယူဆပေ။ အဓိပ္ပါယ် မှားယွင်းလွဲချော်မှုများ၊ မပြည့်စုံမှုများ၊ မရှင်းမလင်းဖြစ်မှုများ၊ အငြင်းပွားမှုဖြစ်စေသည့်အချက်များ၊ ရှုပ်ထွေးမှုများ စသည့်အားနည်းချက်များ ပါရှိနေပါလိမ့်မည်။
ဤအပေါ် မှားယွင်းမှုများကို အမှန်သို့ဖြစ်စေလိုသည့်ဆန္ဒ၊ အားနည်းမှုကို အားကောင်းလာအောင် အားဖြည့်လိုသည့်စိတ်ထား၊ ရှုပ်ထွေးမှုကို တိကျရှင်းလင်းစေလိုသည့် စေတနာ၊ အငြင်းပွားစရာဖြစ်စေသည့်အချက်များကို အငြင်းပွားစရာမဖြစ်အောင် တည့်မှတ်လိုသည့် ရည်ရွယ်ချက် စသည့် အကောင်းဘက်သို့ ဦးတည်သည့် အပြုသဘောဆောင်သည့် ဝေဖန်မှုများ၊ အကြံပြုမှုများ၊ ဖြည့်ဆွက်ချက်များ၊ အမြင်သဘောထားများနှင့် တုန့်ပြန်ချက်များအား အစဉ်လက်ကမ်းကြိုဆိုပါသည်။ စသည့်အမြင်သဘေားများ ပေးကြရန်လည်း အစဉ် တိုက်တွန်း နိုးဆော်လိုပါသည်။
No comments:
Post a Comment